WiFi
Wifi Kill (Android App)
================
ဖုန်းတွေနဲ့ အင်တာနက် အသုံးပြုသူတွေအတွက်ကတော့  သိပ်ကိုအဆင်ပြေတဲ့ Application တစ်ခုပါ။ အထူးသဖြင့် Wifi Network နဲ့ အသုံးပြုသူတွေပိုအဆင်ပြေပါတယ်။Mobile Network နဲ့ သုံးမယ်ဆိုရင်
တော့ လုံးဝအသုံးမ၀င်ပါဘူး။
Wifi Kill ရဲ့ အဓိကအလုပ်လုပ်ဆောင်ပုံကတော့ Wifi ချိတ်ဆက်ပြီး ချိတ်ဆက်ထားတဲ့ Wifi Network ထဲ မှာရှိနေတဲ့ အသုံးပြုနေတဲ့ ဘယ် device တွေကိုမဆိုအင်တာနက် Service ပိတ်ပစ်နိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ဒါပေမယ့် အသုံးပြုမယ့် Android device ကိုတော့ အမြစ် တူးထား ရမှာပါ။ App အသုံးပြု ပုံကတော့ App ကိုဝင်တာနဲ့  Super User Permission ပေါ်လာပါ လိမ့် မယ်။ Grant လုပ်ပေးလိုက်ပါ။ ပြီးသွားရင်တော့  OFF ဆိုတဲ့ buttonကို Click နှိပ်ပေးလိုက်ပါ။ Loading တစ်ခုပေါ်လာပြီး Network ထဲ မှာ ရှိတဲ့ PC ပဲဖြစ်ဖြစ်၊ Android device ပဲဖြစ်ဖြစ်၊IOS device
ပဲဖြစ်ဖြစ် အကုန်ပေါ်လာပါလိမ့်မယ်။အမှန်ခြစ်ကလေးပေးလိုက်ရုံနဲ့ အဆင်ပြေသွားပါပြီ။ လိုအပ်
တာကတော့ Wifi Kill အသုံးပြုမယ့် Deviceဟာ Wifi Network ချိတ်ဆက်ထားဖို့ ပါပဲ။အကျိုးသက်ရောက်
မူတွေကတော့ Network အတွင်းမှာရှိတဲ့ အင်တာနက်အသုံးပြုသူတစ်ဦးဦးကလိုင်းနှေးအောင် Dowload မတရားဆွဲနေမယ်ဆိုရင် အဲဒီအသုံးပြုသူရဲ့ Network IP ကို ပိတ်ထားလိုက်တဲ့ ပုံစံမျိုးပါပဲ။ အများပိုင်
အင်တာနက်လိုင်းတွေမှာ အလိုက်ကန်းဆိုးမသိ အသုံးပြုသူတွေကိုကောင်းကောင်းပညာပေးနိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။
Download Link -- http://www.mediafire.com/?1k3oiyc9p6z1url
source: Digital Life
ITgroup
အေးချမ်းမွန်မှ IT group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

No comments:
Post a Comment