Tuesday, February 5, 2013

အိုင်ဖုန်းလိုင်းအခွဲလေးအကြောင်းသိကောင်းစရာ

အိုင်ဖုန်းလိုင်းအခွဲလေးအကြောင်းသိကောင်းစရာ
How To Add Dial Extension Number Button To Contacts On iPhone

သင့် အိုင်ဖိုင်းမှာ လိုင်းခွဲကို ထပ်မံဘယ်လိုပေါင်းမလည်းတဲ့။

ကျနော်လည်း ဒီနေ့မှစမ်းလိုက်တာ အဆင်ပြေသွားတယ်။

ကျနော်က သူငယ်ချင်းတစ်ယောက်ဆီ ခေါ်တဲ့ အခါ အမြဲတမ်း ၂ ဆင့်လောက်နှိပ်မှ ရောက်တယ်ဗျာ ၊ အိုင်ဖုန်းမှာက သိတဲ့အတိုင်း ကီးပတ်လေးကိုနှိပ်ပြီး မှ လိုင်းခွဲကိုနှိပ် ၊ ပြီးရင် နံပတ်ကီးပတ်ကို ပြန်ပိတ်နဲ့ အလုပ်ရှုပ်တာပေါ့....
ကျနော် သူငယ်ချင်း လိုင်းဖုန်းက 026501818 ဗျာ ၊ ပြီးရင် အော်တိုအော်ပရေတာက မေးမယ် လိုင်းခွဲကို သွားချင်ရင် 1 ကိုနှိပ်တဲ့။ ပြီးတဲ့ အခါ သူ့ လိုင်းခွဲ 186 ကို ထပ်နှိပ်ရတယ်၊ အဲတော့ နည်း၂ အဆင့်များနေတာပေါ့။
ဒီတော့ ကျနော်ဖုန်းထဲက သူ့နံပတ်မှာ ဒီလို လိုင်းခွဲကို ပေါင်းထည့်လိုက်တယ်။ အရင်ဆုံးဖုန်းရဲ့ contacts က သူ့နံပတ်ကိုသွား ၊ ပြီးရင် Edit ကိုနှိပ် ၊ ပြီးရင် သူ့နံပတ်ကို
026501818;1;186 ( +*# ကီးလေးကို နှိပ် ပြီး wait ကို နှိပ်ရင် ဒီ ; semicolon လေးပေါ်လာပါလိမ့်မယ်) ပေါင်းလိုက်ပါ။

;1 ဒါက အော်တိုအော်ပရေတာက လိုင်းခွဲကိုသိရင် 1 ကိုနှိပ်ပါဆိုတဲ့ ခါ အတွက်
;186 ဒါက သူလိုင်းခွဲကို ဆက်နှိပ်ပါလို့ အော်တို အော်ပရေတာက ပြောတဲ့အခါအတွက်ပါ။
ရှင်းမယ်လို့ ထင်ပါတယ်နော်။ ဟီး :P :P

အရင်ဖုန်းခေါ်တဲ့ အခါတုန်းက ဖုန်းမှာ End တစ်ခုပဲပေါ်ပါတယ် ။ ဒါပေမယ့် ဒီလို လိုင်းခွဲထည့်ထားတဲ့အခါ မှာတော့... End ရယ် ပထမ dial '1' ဆိုတာပေါ်မယ် ။ dial 1 ကို နှိပ်ပြီးတဲ့အခါက dial'186' ဆို တာပုံမှာ ပြထားတဲ့အတိုင်း ထပ်ပေါ်လိမ့်ပါမယ်။

အရမ်းထူး၂ဆန်း၂ ကြီးတော့ မဟုတ်ပါဘူး ။ အသုံးဝင်မယ်ဆို ကျေနပ်ပါပြီ။


SHOGUN
MyanmarITGroup

အေးချမ်းမွန်မှ IT Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
Like · ·

No comments:

Post a Comment